Main menu

မုံရွာမြို့တွင်  ရောင်းချနေသော ဖရဲသီးဈေးနှုန်းများ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သံလမ်းဈေး၊ နန္ဒာဝန်၊ သာစည် ကန်သာယာဈေးများတွင်   ဖရဲသီးများ ရောင်းချလျက်ရှိကြပါသည်။ အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင် ထည့်၍ စားသုံးကြောင်း သိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္တအပတ်အတွင်း မုံရွာမြို့ရှိ ဈေးများတွင်    ရေသစ်သီးဆိုင် များတွင်  ရောင်းချနေသော ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး အလုံးလတ်တစ်လုံးလျှင်(၂၀၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀) ကျပ်တို့ဖြင့်  ရောင်းချလျက်ရှိပြီး  လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် သီးနှံ ဖြစ်သည့် အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)