
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sale) လုပ်ငန်းဆောင်ရွက်ရန်အတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားလာ သည့် ရွှေထိုင်းအမည်ဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျှက်ရှိသော ဓမ္မာရုံလမ်း၊ ဗိုလ်ချုပ်ရပ်ကွက်၊ သန်လျင်မြို့သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းဆောင်ရွက်နေသည့် ပိုင်ရှင်အား ၎င်းအနေဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က တင်ပြထားသည့်အတိုင်း အချက်အလက်များမှာ မြေပြင်ရှိ အချက်အလက်များနှင့် မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စစ်ဆေး ဆောင်ရွက်ပြီးမှသာ အသိပြုလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရယူ ခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါကလည်း လုပ်ငန်းတာဝန်များ အလိုက် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးကလည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)အရ မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန်များနှင့်အခွင့်အရေးများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)