
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့ သည်(၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမှတ်(A-1)၊ အကွက်အမှတ်(က/၃)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် ဖန်စီလုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် အချက်အလက်များ နှင့် ကိုက်ညီ မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)