Main menu

ကျွန်းလှမြို့တွင် ဈေးနှုန်းကျဆင်းလျက်ရှိသော ကုလားအော်ငရုတ်သီးစိမ်း

Powered by Drupal

    ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီးနှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုတ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုတ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုတ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ တတိယပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်း ဈေးနှုန်း အနေဖြင့် မိုးထော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု စက်တင်ဘာ စတုတ္ထပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်း ဈေးနှုန်းအနေဖြင့် မိုးထော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင် (၈၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၀၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)