
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့ နယ်ခွဲ တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ အ.မ.က(အောင်သုခ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် အခြေခံပညာမူတန်းကျောင်း(အောင်သုခ)မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လှည်းကူးမြို့နယ် ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဆိုင်ရာနှင့်စားသုံးရန် မသင့်သည့်အစားအစာများကို ကျောင်းသား/ကျောင်းသူတို့အား အသိပညာပေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)