
ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများ အနေဖြင့် ငါးကြင်း(အကောင်အကြီး) လက်လီဈေး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက်လီ(၁)ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း အလားတူပင် ငါးမြင်းအကောင်ကြီး(၁)ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀) ကျပ်၊ အကောင်သေး တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)
