
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင် နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ် နေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)စီး နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း နံနံပင်သည် မြန်မာ့တို့၏ ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့်အတွက် အသုံးများပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
