Main menu

၂၀၂၅-၂၀၂၆ မိုးစပါး စိုက်ပျိုးထွက်ရှိကြောင်း သိရ

Powered by Drupal

   မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မနောသုခ၊ ဆင်းသုခ ၊ ရက် ၉၀ ၊ ကရင်မ ၊ GW11 နှင့် မျိုးကွဲစပါးမျိုးများကို မျိုးစေ့ချစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက် လက်ဆွဲကောက်စိုက်စက်များကိုအသုံးပြု စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့်အတူ တောင်သူဦးကြီး များ၏ ကြိုးပမ်းအောင်မြင် စိုက်ပျိုးခြင်းများဖြင့် လျာထားဧကထက် ပိုမိုကျော်လွန် စိုက်ပျိုး ပြီးစီးခဲ့ကြောင်း သိရသည်။

   ဓနုဖြူမြို့နယ် မိုးစပါးတစ်ဧက ပန်းတိုင်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များကို အသုံးချတတ်စေရန် နည်းပညာပြန့်ပွားရေးစိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာများက  ကျေးရွာ များ အရောက် တောင်သူအသိပညာပေးဟောပြောခြင်း ကွင်းသရုပ်ပြခြင်းများ၊ သွင်းအားစုများပံ့ပိုး ပေးခြင်း၊ သဘာဝဓာတ်မြေသြဇာ ရောစပ်ကြဲပက်နည်းစနစ်များကို ဖြန့်ဖြူးသင်ကြား လက်တွေ့ အသုံးချ၍ မိုးစပါးများအထွက်နှုန်းတိုးတက်စေသည့် တောင်သူဦးကြီးများအား အသိပညာ၊ နည်းပညာများ ဖြန့်ဖြူးပေးခြင်းများဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း စေခဲ့ကာ လယ်ယာကဏ္ဍ သီးနှံထုတ်လုပ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေပြီး အထွက်နှုန်း ကောင်းသော မျိုးစပါး၊ အရည်အသွေး ကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များ တိုးပွားလာ စေရန် တာဝန်ရှိဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းကာ လယ်မြေများအရောက် ကွင်းဆင်း ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် မြို့နယ်အတွင်း ဆန်စပါးဖူလုံ စေသည့်အပြင် အဓိကစားသောက် ကုန် ဆန်စပါးအား ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဆန်စပါး စိုက်ပျိုးရာ၌ တစ်ဧကပန်းတိုင်ထွက်ရှိရေးနှင့် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး ဓနုဖြူမြို့နယ် ကျေးရွာများတွင် စပါးများ စတင်ရိတ်သိမ်းနေပြီးဖြစ်ကြောင်း ၁ဧက စပါးထွက်ရှိမှု ၆၅တင်း- ၈၅ တင်းနှုန်း လယ်မြေပေါ်မတူညီပဲ ရိတ်သိမ်းထွက်ရှိကြောင်းနှင့် လက်ရှိစပါးပေါက်ဈေးမှာ ၁၁သိန်းကျော်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း ဓနုဖြူမြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်များအရသိရှိရသည်။

DOCA(ဧရာဝတီ)