
ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် ပန်းငရုတ်ပွသီးဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)
