
မအူပင်ခရိုင်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၈-၉-၂၀၂၅ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ရန်ကုန်-ပုသိမ်ကားလမ်းဘေး ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စက်သုံးဆီဆိုင်များသို့ ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန် ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက် ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီး အလားတူ ရှောင်တခင် စစ်ဆေးမှုများအား မကြာခဏဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
DOCA(ဧရာဝတီ)