Main menu

ဒေသတွင်း ဆီစက်လုပ်ငန်းများ ဖွံဖြိုးတိုးတက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်လျက်ရှိ

Powered by Drupal

ဒေသတွင်း ဆီကြိတ်ခွဲ ထုတ်လုပ်သည့် လုပ်ငန်းစုစုပေါင်း ၉ စက်သာရှိ၍ ပြည်တွင်း ဆီစက်များ လည်ပတ်ခွင့်၍ ဒေသတွင်း စားသုံးမှု ဖူလုံစေရေး  ပြည်တွင်းစားသုံးမှုကို ပြည်မီစွာ ဆောင်ရွက်နိုင်ရေး ကုန်ကြမ်းရရှိမှု လွယ်ကူစွာဖြင့် ဒေသတွင် ဆီစက်လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆီစက်လုပ်ငန်းရှင်များမှ မျော်လင့်လျက်ရှိကြောင်း သိရသည်။

        မအူပင်ခရိုင်အနေဖြင့် ဆီစက်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးကို လိုလာပါကြောင်း၊ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ကုန်ကြမ်းရရှိမှု လွယ်ကူမှ အောင်မြင်မည်ဖြစ်ကြောင်းနှင့်၊ ဒေသ တွင်း ဆီထွက်သီးနှံ စိုက်ပျိုးထွက်ရှိမှု ကောင်မွန်ရေးနှင့် တောင်သူအကျိုးအမြတ် ရရှိရေး သည်လည်း အဓိကလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဒေသဆီထွက်သီးနှံ အထွက်နှုန်းကောင်းမွန်ပါက ဒေသတွင် ဆီကြိတ်ခွဲသော လုပ်ငန်းများလည်း ပိုမိုကြိတ်ခွဲရပြီး လုပ်ငန်းဖွံ့ဖြိုးမည်ဖြစ်ကြာင်း၊ အခြား ဒေသမှ ကုန်ကြမ်းများဖြင့်သာ ကြိတ်ခွဲနေရပြီး ဒေသတွင်းဖူလုံမှု နည်းပါးကြောင်း၊ ဆီစက် လုပ်ငန်းတွင် တစ်ရက်လျှင် ကုန်ကြမ်းမြေပဲ ပိဿာ ၄၀ ခန့် အသုံး ပြုပြီး ကုန်ချောမြေပဲဆီ ၁၆ ပိဿာခန့် ထွက်ရှိ ကြောင်း၊ တစ်ဆုံလျှင် တစ်နာရီကျော်ကြာ ကြိတ်ခွဲရကြောင်း၊ လုပ်ငန်း လိုင်စင်နှင့် မှတ်ပုံတင်များလည်း စနစ်တကျပြုလုပ်ရကြောင်း သိရသည်။ ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများကို ပိုမိုသုံးစွဲလာခြင်းဖြင့် ဈေးနှုန်း သက်သာခြင်း၊     ကျန်းမာရေးနှင့်ညီညွတ်ခြင်း များ  ရရှိစေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။ 

DOCA(ဧရာဝတီ)