
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခု စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်း ထုတ် ဈေးနှုန်းအနေဖြင့် ဝါရင်းမှိုပေါင်းထုတ် တစ်ထုတ်လျှင်(၈၀၀)ကျပ်၊ (၂)ထုတ်လျှင်(၁၅၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၇၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ကန်ဇွန်းရွက် ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ် (၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီစာဖြစ်သဖြင့် မှိုပေါင်းထုတ်သည်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)