Main menu

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အနေဖြင့် လိုအပ်သောသတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၃.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ဧရာရပ်ကွက်နှင့်မင်းရပ်ရပ်ကွက်ရှိဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း(၂)ခုသို့ကွင်းဆင်း စစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက် ဝန်ဆောင်မှုနှင့်မိုဘိုင်းအော်ပရေတာ)လုပ်ငန်းများအနေဖြင့် လက်ကမ်းစာဆောင်များတွင် ဝန်ဆောင်ခ နှုန်းထားများ၊ ဆက်သွယ်ရမည့်ဖုန်းအမှတ်များဖော်ပြထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏  လိုင်စင်ခွင့်ပြုချက်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

    ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှနှင့်မိုဘိုင်းအော်ပရေတာ)ပေးသည့် လုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွား‌ရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များ အားလည်းလိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။  

DOCA(ကချင်)