
၁၉-၉-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ FDA ဌာနမှ တာဝန်ရှိသူများသည် လူငယ်အသိပညာပေး ဟောပြောပွဲကို ရေလဲ အထက်တန်းကျောင်းတွင် ဟောပြောခဲ့ကြသည်။
ဟောပြောရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစီးဌာန ၏ လုပ်ပိုင်ခွင့်အများအကြောင်း၊ စစ်ဆေးရေးအရာရှိ၏ ဈေးကွက်အတွင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအကြောင်းကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး၊ ကျန်းမာရေးဦးစီးဌာနက တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း၊ FDA ဌာနက ဆိုးဆေးအန္တရာယ်နှင့် အလှကုန်များတွင် သုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်သော ကုန်စည်အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပြီး၊ ကျောင်းသူ/သူ များကို ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ကျောင်းသူ ၂၀၀ဦးရှိ ကြောင်း သိရသည်။
DOCA(ဧရာဝတီ)