စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ် တာဝန်ခံတို့သည် (၂၂.၉.၂၀၂၂) ရက်နေ့ ရက် နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူများသို့ “ရွှေပြည်မိုး” ဆီရောင်းဝယ်ရေးမှ စားအုန်းဆီ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရေး ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)