Main menu

Myro မှတ်ပုံတင်ဆောင်ရွက်ပြီးသော ဆန်စက် သိုလှောင်ရုံ လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိ ဆန်စက် နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင် ထားရှိပြီး မြို့နယ်တွင်း ဆန်စက်နှင့် သိုလှောင်ရုံးများတွင် စပါးသိုလှောင် ထားရှိမှု မြေပြင် အမှန်တကယ်အခြေအနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများ ကို (၁..၂၀၂) ရက်နေ့ (၁၄၀၀)က ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။

      ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြုမြို့နယ် ဆန်စက်နှင့် စပါးသိုလှောင်ရုံ (၈၈)လုံး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ပြီး မြို့နယ်တွင် မှတ်ပုံတင်ပြီးဆန်စက်နှင့် စပါးသိုလှောင်ရုံများ မြေပြင်အမှန်တကယ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရာ မြေပြင်တွင် အမှတ်အကယ် သိုလှောင်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး၊ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူသည် မှတ်ပုံတင်ခြင်း မရှိပါက ဦးစီးဌာန၏ စီအံခန့်ခွဲမှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ကို လုပ်ငန်းများသိရှိနိုင်ရန် ပြောကြားခဲ့ပြီး ဆန်စပါး ၊ သိုလှောင်ရုံ (၁၅)ခုကို ကွင်းဆင်းစစ်ဆေးရာ ကိုက်ညီချက် နှင့်အညီလုပ် ဆောင်ထားရှိကြောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။

DOCA(ဧရာဝတီ)