Main menu

တောင်ကိုရီးယားနိုင်ငံ၏ကားတင်ပို့မှုသြဂုတ်လတွင်တတိယမြောက်လအဖြစ်တိုးတက်လာ

Powered by Drupal

    တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ဥရောပမှ ခိုင်မာသော ဝယ်လိုအား ကြောင့် သုံးလဆက်တိုက်တိုးတက်လာခဲ့ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ထုတ်ပြန်သော အစိုးရ အချက်အလက်များအရသိရှိရပါသည်။

          ကားတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၈.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သြဂုတ်လ တွင် အမေရိကန်ဒေါ်လာ ၅.၅၀ ဘီလီယံဒေါ်လာ ရရှိခဲ့ပါသည်။၎င်းတိုးတက်မှုသည် သဘာဝပတ် ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ယာဉ်များ ဝယ်လိုအားတိုးလာခြင်းနှင့် အမေရိကန်၏ကား များဝယ်လိုအားကျဆင်းမှုကြောင့် ဥရောပမှ ခိုင်မာသော ဝယ်လိုအားဖြစ်ပေါ်စေ ကြောင်းသိရ သည်။          အမေရိကန်ပြည်ထောင်စုသို့ ကားတင်ပို့မှုသည် ၁၅.၂ ရာခိုင်နှုန်းကျဆင်း၍ ၂.၁၀ ဘီလီယံ အထိရောက်ရှိခဲ့သော်လည်း ဥရေပသမဂ္ဂအီးယူနှင့် အခြားဥရောပနိုင်ငံများသသို့ တင်ပို့မှုမှာ နှစ်ဆ တိုးလာခဲ့ပြီး ‌ဒေါ်လာ ၇၉၄ သန်းနှင့် ‌ဒေါ်လာ ၅၄၇ သန်းစီရရှိခဲ့ပါသည်

          သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းသော ဆီဒင်ကားများတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်သြဂုတ်လ နှင့် နှိုင်းယှဉ်ပါက ၂၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂.၁၇ ဘီလီယံအထိရရှိခဲ့ပါသည်။ သြဂုတ်လတွင် တင်ပို့ခဲ့သော ယာဉ်အရေ အတွက် မှာ ၂၀၃၁၇ စီးရှိခဲ့ပြီး ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ မော်တော်ယာဉ် အစိတ်အပိုင်းများတင်ပို့မှုသည် ၈.၈ ရာခိုင်နှုန်း ကျဆင်း၍ ဒေါ်လာ ၁.၆၇ ဘီလီယံရရှိခဲ့ပါသည်။ ပြည်တွင်း စက်ရုံများတွင် ထုတ်လုပ်သော ယာဉ် အရေအတွက်သည် နှစ်စဉ် ၇.၁ ရာခိုင် နှုန်း တိုးတက်ခဲ့ပြီး သြဂုတ်လတွင် ၃၂၁၀၀၈ စီးအထိရှိခဲ့ ပါသည်။ ပြည်တွင်း၌ ရောင်းချခဲ့သော ကားအရေအတွက်မှာ ပြည်တွင်းထုတ်နှင့် ပြည်ပမှတင် သွင်းသော ယာဉ်များအပါအဝင် သြဂုတ်လ တွင် ၁၃၈၈၀၉ စီးရှိခဲ့ပြီး ယခင်နှစ်ကထက် ၈.၃ ရာခိုင် နှုန်းတိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

         DOCA(ရန်ကုန်)