
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတာ ကာလအတွင်း ဥရောပသမဂ္ဂနှင့် အာဆီယံသို့ တင်ပို့မှု ပို့ကုန်များ double-digit တိုးတက်ခဲ့ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်သော တရားဝင်အစီရင်ခံစာအရသိရှိရပါသည်။
စီးပွားရေးဝန်ကြီးဌာနက ပြုစုခဲ့သော အဆိုပါအစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီ- ဩဂုတ် ကာလအတွင်း EU ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၃.၃၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလ ဒေါ်လာ ၂.၉ ဘီလီယံမှ ၁၅ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့ကြောင်း သိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ဒေါ်လာ ၃.၉၈ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ရာ ယခင်ဒေါ်လာ ၃.၄၃ ဘီလီယံ မှ ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားပါသည်။
ကမ္ဘောဒီးယားနိုင်ငံမှ EU သို့ အဓိက တင်ပို့သည့် ထုတ်ကုန်များမှာ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်၊ အိတ်၊ စက်ဘီး၊ ကားတာယာနှင့် အီလက်ထရောနစ်ပစ္စည်းအပြင် ဆန်၊ သိဟိုဠ်စေ့၊ ငှက်ပျောသီးကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပါသည်။ အာဆီယံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်၊ အိတ်၊ ကားတာယာ၊ အီလက်ထရောနစ်ပစ္စည်း၊ စိုက်ပျိုးရေးကုန်စည်များ ပါဝင်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)