Main menu

“တာမွေမြို့နယ်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်)ကုမ္ပဏီအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု) ဆောင်ရွက်နေသော (Myanmar Speed Net Co.Ltd) အား စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ် အရှေ့မျဉ်းပြိုင်ကွင်း လမ်း GRC Condo ရှိ Mysnmar Speed Net Co.ltd သို့ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ဝယ် ယူအသုံးပြုကြသည့် စားသုံးသူများအား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)အား ဆောင်ရွက်ထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း စားသုံးသူများသိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြ ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများအား ရယူ ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားထားသည့် အချက်အလက်များအား လိုက်နာဆောင်ရွက်ကြရန် စားသုံးသူများ အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီမှတာဝန် ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)