
၂၀.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃း၀) နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦး ဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးလှိုင်မျိုး (အတွင်းရေးမှူုး )နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ် ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဖြန့်ဖြူးသည့်ကုမ္မဏီ ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချ ခြင်းရှိ/မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကိုမြောက်ဒဂုံမြို့နယ်၊(၃၀) ရပ်ကွက်နှင့် ဒဂုံရွှေပြည်ဈေးအတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး Lwin Maung Maung Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)