Main menu

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်း‌ဒေသကြီး၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာ အားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်း တို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် အစေ့ထုတ်ပြောင်း(မိုး) (၁၁၁၅၃)ဧကနှင့် မိုးမြေပဲ (၁၅၉၁၂၉)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းသာမက ကန့်ဘလူခရိုင်တို့မှ အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံများ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဝင်ရောက်လာပြီး စက်တင်ဘာဒုတိယပတ်တွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၇၀၀ဝိ/-)နှင့် မြေပဲဆံတစ်တင်းလျှင် (၉၆၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ အစေ့ထုတ်ပြောင်း(၆၀၀)တင်း၊ (၁၅)တန်နှင့် မြေပဲဆံ(၆၀၀)တင်း၊ (၁၄)တန်ဖြစ်ပါသည်။  စက်တင်ဘာလ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၇၅၀ဝိ/-)နှင့် မြေပဲဆံတစ်တင်းလျှင်(၈၉၆၀ဝိ/-) ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အစေ့ထုတ်ပြောင်း (၉၀၀၀)တင်း၊ (၂၂၅)တန်နှင့် မြေပဲဆံ (၂၀၀၀)တင်း၊ (၄၆)တန်ရှိကြောင်းသိရှိရပါသည်။ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက တတိယပတ်တွင် အစေ့ထုတ်ပြောင်း (၈၄၀၀)တင်း/ (၂၁၀)တန်နှင့် မြေပဲဆံ(၁၄၀၀)တင်း/ (၃၂)တန်ပိုမို အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်၏ စာရင်းများအရသိရှိရပါသည်။  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဝင်ရောက်လာသည့်သီးနှံများကို ပဲ၊ နှမ်းကုန်သည်များမှ သိုလှောင်ခြင်းနှင့် မန္တလေးမြို့သို့ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)