စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၅၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၇၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၀၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၆၀၀၀-၆၇၀၀၀၊ ဂျုံးထွက်တိုး တစ်တင်းကျပ် ၆၃၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၈၀၀၀-၇၉၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၅၁၀၀၀၊ ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၉၀၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၅၄၃၀၀၊ ထောပတ် ပဲ တစ်တင်းကျပ် ၅၂၅၀၀၊ မြေထောက်ပဲ တစ်တင်း ကျပ် ၈၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၇၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၀၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၈၂၅၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၉၅၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၅၈၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၂၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၃၀၈၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၀၀-၂၁၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၆၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ကုလားပဲသီနှံနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး ကျန်သီးနှံများအားလုံး အနည်းငယ် ဈေးတက်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)