Main menu

“ခရမ်းမြို့နယ်တွင်ဓာတ်မြေဩဇာဆိုင်များအားဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တောင်သူများ၏ သီးနှံများ စိုက်ပျိုးရာတွင် လိုအပ်သောဓာတ်မြေဩဇာများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်၊ ဓာတ်မြေဩဇာများအား သတ်မှတ်ထားသောရည်ညွှန်းဈေးများထက်ကျော်လွန်၍ ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ရဲ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် ဒေါ်ခင်သန္တာအောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မန်နေဂျာ ဦးဌေးအောင်၊ မြို့နယ်ကျေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထိန်းလင်း နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များဖြစ်သော အပျိုကြီးဆိုင်၊ ရွှေကံကော်ဆိုင်၊ အင်ကြင်းစံ၊ ဖြိုးဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချကြရန် အသိပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)