
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ဧက ၁၀၀ငါးကန်းတွင် ဒေသတွင်းငါးစားသုံးမှုကို အထောက်အကူပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ငါးကန်မှ ငါးမွေးမြူရေး လုပ်ငန်းများ တူဖော်ဆောင်ရွက်ခြင်းကို ၂၂-၉-၂၀၂၅ ရက်နေ့ ၊နေ့လယ် ၁၂နာရီတွင် တူးဖော်ဆောင်ရွက်ကြောင်း သိရသည်။ ငါးကန်းမှ မွေးမြူေသာ ငါးများကို မြို့နယ်အတွင်း ဈေးများသို့ ရောင်းချသလို ရန်ကုန်တင်ပိုမှု များရှိကြောင်းလဲ သိရသည်၊၊ လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးကာ ငါးကန်တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
မအူပင် အလန်းကျေးရွာ ဧက ၁၀၀ ငါးကန်တွင် ငါးမြစ်ချင်းကောင်ရေ ၇၀၀၀၀၀၊ ငါးကြင်းကောင်ရေ ၁၅၀၀၀၊ ငါးခေါင်းပွကောင်ရေ ၅၀၀၀ စုစုပေါင်း ငါးကောင်ရေ ခုနှစ်သိန်း နှစ်သောင်းကျော်မွေးမြူထားပြီး သတ်မှတ်ရက်နှင့် ငါးရောင်းချရန် ဈေးတန်းဝင်သော ငါးများ ကို စနစ်တကျတူးဖော်ပြီး ရန်ကုန်တင်ပို့ခြင်းနှင့် မအူပင်မြို့ ဈေးအတွင်း ငါးအရောင်းအဝယ်ဒိုင်များမှ လာရောက် ဝယ်ယူကြကြောင်း သိရသည်။
DOCA(ဧရာဝတီ)