Main menu

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအရေအတွက် ၂၀၂၄ ခုနှစ်တွင်မြင့်တက်

Powered by Drupal

           တောင်ကိုရီးယားနိုင်ငံ၏ စီးပွား‌‌ရေးလုပ်ငန်းအရေအတွက်သည် လျှပ်စစ်ကဏ္ဍ၊ သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် လက်လီ၊လက်ကားရောင်းဝယ်မှုကဏ္ဍများတိုးချဲ့လာမှုကြောင့် ပြီးခဲ့သည့် နှစ်တွင် မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော စာရင်းအင်းရုံး၏ အချက် အလက်များအရသိရှိရပါသည်။

    လုပ်ငန်းများ၏ စုစုပေါင်း အရေအတွက်မှာ ၂၀၂၄ ခုနှစ် ကုန်ဆုံးချိန်တွင် ၆၃၅၃၆၇၃ ရှိပြီး တစ်နှစ်တာကာလအတွင်း ၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

         ကုန်ထုတ်လုပ်ငန်းနှင့် အိမ်ခြံမြေ လုပ်ငန်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် တစ်လုံးထဲ သော ဂဏန်းဖြင့် ကျဆင်းခဲ့သော်လည်း လျှပ်စစ်နှင့် သဘာဝဓာတ်‌ငွေ့ ကုမ္ပဏီများအတွက် ၃၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ လက်ကားရောင်းချသူများနှင့် လက်လီရောင်းချသူများသည် ၂.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

      လက်လီလက်ကားရောင်းချမှု လုပ်ငန်းများသည် ၁၆၁၂၈၂၅ ခုဖြင့် အများဆုံးဖြစ်ပြီး တည်းခိုခန်းနှင့်  စားသောက်ဆိုင်ကဏ္ဍက ၈၅၈၃၇၃ ခုဖြင့် ဒုတိယ၊ သယ်ယူပို့ဆောင်‌ရေး ကဏ္ဍက ၆၇၃၃၂၄ ခုဖြင့် တတိယနေရာတွင် ရပ်တည်လျှက်ရှိပါသည်။

      နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများတွင် အလုပ်သမားဦးရေသည် ၂၀၂၄ ခုနှစ်ကုန်တွင် ယခင်နှစ် ကထက် ၁.၁ ရာခိုင်နှုန်း တိုးလာကာ ၂၅၇၃၁၁၀၅ ဦးရှိခဲ့သည်။ အလုပ်သမားဦးရေသည် ကုန်ထုတ် လုပ်ငန်းတွင် ၄၁၄၆၁၁၉ ဦး၊ လက်လီလက်ကားရောင်းချမှုလုပ်ငန်းတွင် ၃၅၉၉၆၈၀ ဦးနှင့် ကျန်မာ‌ ရေးနှင့် လူမှုဖူလုံရေးကဏ္ဍတွင် ၂၇၆၄၀၀၀ ဦးတို့ရှိကြောင်းသိရပါသည်။

DOCA (ရန်ကုန်)