Main menu

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝသုံးစွဲရန် ရည်ရွယ်ထား

Powered by Drupal

           ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ် Pham Minh Chinh က ဝန်ကြီးဌာနများ၊ ကဏ္ဍအသီးသီ နှင့် ဒေသဆိုင်ရာများအား ၂၀၂၅ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု၏ ၁၀၀ ရာခိုင်နှုန်းကို ခွဲဝေချထား ပေးရန် ရည်မှန်းချက်ဖြင့် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထုတ်ပေးခြင်းကို အားထုတ် ကြိုးပမ်းရန်တိုက် တွန်းခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

          ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထုတ်ပေးခြင်းသည် ၂၀၂၅ ခုနှစ်ပထမ ၈ လတာကာလအတွင်း သတ်မှတ်ထားသည့် စီမံကိန်း၏ ၄၆.၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလက မှတ်တမ်းတင်ခဲ့သော ၄၀.၄ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          စီမံကိန်းများ၏ အရည်အသွေးကို အာမခံပြီး ငွေထုတ်‌ပေးမှုကို မြန်ဆန်အောင် ဆောင်ရွက် ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ပါသည်။

          ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ရင်းနှီးမြုပ်နှံမှု မတည်ငွေအဖြစ် ဗီယက်နမ် Dong ၈၂၉.၃ ထရီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလီယံ) ကို အတည်ပြုခဲ့ကြောင်း အစီအရင်ခံစာ အရသိရပါသည်။

DOCA (ရန်ကုန်)