Main menu

တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးကုမ္ပဏီများ၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ပထမသုံးလပတ်တွင်ကျဆင်း

Powered by Drupal

            တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးကုမ္ပဏီများ၏ ပြည်ပအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ကျဆင်းသွားကြောင်း ဘဏ္ဍာ‌ရေး ကြီးကြပ်အဖွဲ့၏ စက်တင်ဘာ လ ၂၃ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအရသိရှိရပါသည်။

          ပြည်တွင်း ဘဏ္ဍာရေးကုမ္ပဏီများဖြစ်သည့် ဘဏ်များအာမခံကုမ္ပဏီများနှင့် ပွဲစားလုပ်ငန်း များ အပါအဝင် ပြည်ပ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် မတ်လအကုန်တွင် ဝမ် ၅၅.၅ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၉.၈ ဘီလီယံ) သို့ရောက်ရှိခဲ့ရာ ယခင်သုံးလနှင့်နှိုင်းယှဉ်လျှင် ဝမ် ၀.၅ ထရီလီ ယံ (အမေရိကန်‌‌ဒေါ်လာ ၃၅၈.၆ မီလီယံ) လျော့ကျခဲ့ပါသည်။

            စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် အာမခံကုမ္ပဏီများက ၅၄.၆ ရာခိုင်နှုန်းဖြင့် အများဆုံးပိုင်ဆိုင် ခဲ့ပြီး၊ ဘဏ်များက  ၂၁.၉ ရာခိုင်နှုန်း၊ ငွေချေးလုပ်ငန်းများမှ ၁၃.၆ ရာခိုင်နှုန်းရှိကြောင်းသိရပါ သည်။

          ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည့် ၆၂.၁ ရာခိုင်နှုန်း ဖြင့် မြောက်အမေရိကတွင် ဖြစ်ပြီး၊ ဥရောပတွင် ၁၈.၅ ရာခိုင်နှုန်း၊ အာရှတွင် ၆.၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆၆.၈ ရာခိုင်နှုန်းသည် ၂၀၃၀ ပြည့်နှစ်တွင် သက်တမ်းစေ့မည်ဖြစ်ပြီး ၁၀.၄ ရာခိုင်နှုန်းသည် ယခု နှစ်တွင် သက်တမ်းစေ့မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)