Main menu

ပြည်မြို့နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ခေတ္တရာစည်ပင်သာယာဈေးအတွင်းရှိ လက်လီ၊ လက်ကားရောင်းချနေသော KTT ဆန်ဆိုင်နှင့် ထက်လင်း ဆန်ဆိုင် တို့အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်မြို့နယ်တာဝန်ခံမှ ပြည်မြို့နယ်ဈေးအတွင်းရှိ လက်လီ၊ လက်ကား ရောင်းချနေသော KTT ဆန်ဆိုင်နှင့်ထက်လင်းဆန်ဆိုင်တို့အား သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆိုင်ရှင်အား ဆန်ရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)