Main menu

တောင်ငူမြို့ရှိ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ဂျင်းတက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိ

Powered by Drupal

    တောင်ငူမြို့ရှိ မြို့မဈေးလမ်းရှိ ကြက်သွန်ပွဲရုံများတွင် ယခင်အပါတ်က ကြက်သွန်ဖြူ အသေး (၁) ပိဿာ ၃၅၀၀ ကျပ်၊ အလတ် (၁) ပိဿာ ၄၅၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၆၅၀၀ ကျပ် အသီးသီးဈေးနှုန်းရှိသော်လည်း ယခုစက်တင်ဘာလနောက်ဆုံးအပါတ်တွင် အသေး(၁) ပိဿာ ၃၀၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၄၀၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီ မှာ ယခင်အပါတ်က အသေး(၁) ပိဿာ ၁၀၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၃၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၁၅၀၀ ကျပ် ဈေးရှိသော်လည်း ယခုစက်တင်ဘာလ နောက်ဆုံးအပါတ်တွင် အသေး(၁) ပိဿာ ၈၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၂၀၀ ကျပ် ၊ အကြီး(၁) ပိဿာ ၁၅၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး ဂျင်းတက် ဈေးနှုန်းမှာ ယခင်အပါတ်က  (၁) ပိဿာ ၄၈၀၀ ကျပ်မှ ၅၀၀၀ ရှိသော်လည်း ယခုစက်တင်ဘာလနောက်ဆုံးအပါတ်တွင် (၁) ပိဿာ ၃၈၀၀ ကျပ်၊ ၄၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာပြီး ကြက်သွန်ဖြူနှင့် ဂျင်းတက်မှာ (၃) ပိဿာ နှင့် အထက် ၊ ကြက်သွန်နီမှာ ၁၀ ပိဿာ အိတ် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ပွဲရုံများမှ သိရှိပါသည်။

DOCA(ပဲခူး)