Main menu

ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ  စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥ အလုံးကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ အသေး(၁)ပိဿာ လျှင် (၆၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်းနေကြောင်း၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် အစားအသောက် ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)