
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း စပျစ် သီး ဗမာမျိုး (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ အလုံးကြီးစပျစ် သီး(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စပျစ်သီးဈေးနှုန်းအနည်း ငယ်ကျဆင်းသွားကြောင်း၊ စပျစ်သီးများအဝင်နည်းသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)