
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါက်ကျေးရွာရှိ ရောင်ခြည်ဦးသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ရောင်ခြည်ဦး သောက်ရေသန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု အဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရန်နှင့် စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)