
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံဆိုင်(၂)ဆိုင်သို ကွင်းဆင်း၍ သောက်ရေသန့် အမျိုးအမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။
ထိုသို့ စောင့်ကြည့်စစ်ဆေးခဲ့ရာ “လမင်း”စတိုးဆိုင်နှင့် “ချမ်းမြေ့”ကုန်မျိုးစုံဆိုင်တွင် ရောင်းချ နေသော “Life”သောက်ရေသန့် (၁ လီတာ)ဘူးများကို စစ်ဆေးခဲ့ပါသည်။ “Life” သောက်ရေသန့် (၁ လီတာ)ဘူးများပေါ်တွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)