
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၆၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၀၅၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။
၂၃.၉.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မြင်းခြံကြက်သွန်နီမှာ ၁၈.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျပြီး မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အတိုင်းဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)