Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

Powered by Drupal

         ၂၂.၉.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်း များမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၄၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၄၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ အများဆုံး ကျပ် ၄၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၆၅၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၂၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ ကျပ် ၄၆၅၀ တို့ အသီးသီးဖြစ် ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA (ရန်ကုန်)