
၂၃.၉.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ အမြင့်ဆုံးဈေး ကျပ် ၁၂၅၀၀/၁၃၀၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၃၀၀၀ ၊ အောင်ပန်းထူး-၃ ကျပ် ၄၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၆၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၇၅၀/၁၈၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ် ၁၃၅၀/၁၄၀၀၊ ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၁၁၀၀/၁၁၅၀၊ ဆိပ်ဖြူ(သစ်) လတ် ချော ကျပ် ၆၀၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၅၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၂၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၁၂၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၉၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၉၀၀၊ မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၅၀၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၂၅၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၈၀၀၊ ပခုက္ကူ(သစ်) ရှယ် ကျပ် ၁၅၅၀၊ ပခုက္ကူ (သစ်) လတ်ကြီး ကျပ် ၁၄၅၀၊ ပခုက္ကူ (သစ်) လတ်သန့် ကျပ် ၈၅၀၊ ပခုက္ကူ (သစ်) လတ်ချော ကျပ် ၆၀၀၊ တောင်သာ (သစ်) ရှယ် ကျပ် ၁၀၅၀၊ တောင်သာ (သစ်) လတ်ကြီး ကျပ် ၁၀၀၀၊ တောင်သာ (သစ်) လတ်သန့် ကျပ် ၈၅၀၊ တောင်သာ (သစ်) လတ်ချော ကျပ် ၅၀၀ အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်း OK (သစ်) ကျပ် ၅၅၀၀၊ အောင်ပန်း A1(သစ်) ကျပ် ၄၅၀၀၊ အောင်ပန်း S 1 (သစ်) ကျပ် ၆၀၀၀ ၊ တရုတ်အာလူး ကျပ် ၆၅၀၀/၆၇၀၀ ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၅၀၀/၂၀၀၀ ဈေးကျပြီး၊ အောင်ပန်း ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးကျပါကြောင်း၊ ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၅၀ မှ ၁၀၀ အတက်အကျရှိပြီး အောင်ပန်းအာလူးဈေးနှုန်းများမှာ တစ်ပိဿာ လျှင် ကျပ် ၅၀၀ ဈေးနှုန်းတက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)