Main menu

   အရောင်းသွက်သည့်သစ္စာပန်း

Powered by Drupal

        မိုးရာသီမန္တလေးပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်သစ္စာပန်းများဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ သစ္စာပန်းအပွင့်အရောင်မှာ အဖြူ၊အနီ၊မိတ်ကပ်ရောင်၊ ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီ စျေးနှုန်းများမှာ သစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့်ကြီး) ၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ ဝါတွင်း ကာလဘုရားပွဲ နှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာ  စျေးကွက် အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)