
ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့် ငရုတ်သီးစိမ်း အမျိုးအစားများမှာ ကုလား အော်ငရုတ်၊လျှာဂျွန်းထိုးငရုတ်၊ငရုတ်ရှည်နှင့်ငရုတ်ပွသီးများ တွေ့ရှိ ရပြီး၊ အလေးချိန်ဖြင့် ရောင်းချ သကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ်အစားအလိုက် ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီး ပွစျေး နှုန်းများမှာ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ပန်းငရုတ်ပွတစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)