Main menu

စက်တင်ဘာလတတိယပတ်ရှိနှမ်းစျေးကွက်

Powered by Drupal

                 ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလတတိယပတ် အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၉၅၀၀၀ ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊နှမ်းဖြူ (ဗမာ) ၂၇၅၀၀ဝ ကျပ်နှင့်၂၈၀၀၀၀ ကျပ်၊ နှမ်းညို ၂၆၅၀၀၀ ကျပ်နှင့် ၂၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်)၆၅၅၆ကျပ်နှင့် ၆၆၆၇ ကျပ်၊ နှမ်းဖြူ (ဗမာ) ၆၁၁၁ ကျပ်နှင့် ၆၂၂၂ ကျပ်၊နှမ်းညို ၅၈၈၉ ကျပ်နှင့် ၆၀၀၀ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်)၉၁၁၁ ကျပ်နှင့် ၉၃၃၃ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၆၆၇ ကျပ်၊ နှမ်းဖြူ(ခြုံကျော်) ၉၀၀၀ ကျပ်နှင့် ၉၁၁၁ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရပါ သည်။

DOCA(မန္တလေး)