Main menu

အရောင်းသွက်သည့်မန္တလေးဆီကြိတ်ဖတ်စျေးကွက်

Powered by Drupal

                 မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့်နေကြာဖတ်များကို တိရိစ္ဆာန် အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၅၀ဝိ/-နှင့် ၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၇၅ဝိ/- နှင့် ၅၈၀ဝိ/-၊နှမ်းဖတ် ၃၄၀ဝိ/-နှင့်၃၆၀ဝိ/-၊နေကြာဖတ် ၂၉၀၀ကျပ်နှင့်၃၁၀ဝိ/-၊မုန်ညင်းဖတ် ၂၉၅၀ကျပ်နှင့် ၃၀၀၀ကျပ် တို့ဖြင့် အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)