Main menu

 မန္တလေးပဲထောပတ်စျေးအနည်းငယ်ကျ

Powered by Drupal

                ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၃၂၀၀၀၀ ကျပ်၊ပဲထောပတ် (ကြီး) ၂၉၀၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ပဲထောပတ်(သေး) ၁၉၀၀၀၀ကျပ်နှင့် ၁၉၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်)၅၆၈၉ကျပ်၊ပဲထောပတ် (ကြီး) ၅၁၅၆ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ်(သေး) ၃၃၇၈ကျပ်နှင့် ၃၄၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၁၁၁ကျပ်နှင့်၇၆၄၄ကျပ်၊ ပဲထောပတ်(လတ်)၆၇၅၆ကျပ် နှင့်၆၉၃၃ကျပ်၊ပဲထောပတ်(သေး)၅၅၁၁ကျပ်နှင့်၆၅၇၈ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေး နှိုင်း ယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)