Main menu

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်းမှု၊ ပခုက္ကူခရိုင် ဦးစီးမှူး ၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့အောင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ရွာသစ်ရပ်ကွက်ရှိ ဦးမြမောင် ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါပြဌာန်းချက်နှင့် အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိ ပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)