ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ပိုမိုဝင်ရောက်လာပြီး ယခု စက်တင်ဘာလတွင် ဟိုပုံး၊ ပြည်ညောင်ဘက်မှ ဘိလပ်မြေအိတ်(၁၀၄၀၀) အိတ်ဝင်ရောက်ပြီး ယခုလကs်ရှိဈေးကွက်အတွင်း စက်တင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၉၀၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၉၂၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၉၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဩဂုတ်လစတုတ္ထပတ် တွင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့် ရှိခဲ့ပြီး ယခင် ဩဂုတ် လစတုတ္ထပတ် နှင့် ယခု စက်တင်ဘာလစတုတ္ထပတ် နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ တစ်အိတ်လျှင် (၅၀၀) ကျပ်၊ အာပါချီ တစ်အိတ်လျှင် (၇၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာလုပ်သားခစရိတ် မြှင့်မား လာခြင်းကြောင့်ဖြစ်သည်ဟု ကိုကံခြား အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ သိရပါသည်။
DOCA(ကယား)