Main menu

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ Global Good Pure Group Co.Ltd မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၅.၉.၂၀၂၅ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးမှူး ဦးအောင်မြင့်မြတ်နှင့် ဝန်ထမ်းများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ မရမ်းကုန်းရပ်ကွက်၊ အောင်သုခ ရပ်ကွက်၊ ဇေယျာ(၁)ရပ်ကွက်၊ ရွှေပြည်စိုး ရပ်ကွက်၊ ဖက်တန်းရပ်ကွက်၊ လမုတန်းဈေး၊ မောင်ငံကွင်းရပ်၊ ဒိုင်းဝန်ကွင်းဈေးရှိ စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေး နေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်နေရာတွင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)