Main menu

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော မာလကာသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများ၌ ရောင်းချနေသော မာလကာသီးများကို ပုသိမ်မြို့နယ်အတွင်းရှိ ခြံများမှ ရယူရောင်းချခြင်းနှင့် အနီးဝန်းကျင်ဒေသများဖြစ်သော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်များမှ ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) ဈေးနှုန်းများအရ မာလကာသီး တစ်လုံးလျှင် အမြင့်ဈေး ကျပ် (၁၅၀၀)၊ အလတ်ဈေး ကျပ် (၁၀၀၀)၊ အနိမ့်ဈေး ကျပ် (၇၀၀) ခန့်ဖြင့် အသီး၏ အရည်အသွေး၊ အရွယ်အစားနှင့် လတ်ဆတ်မှုအပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ပုသိမ်မြို့နယ်တွင် ဒေသတွင်းထွက်ကုန်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နှင့် ဝယ်ယူမှုအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများ ကွဲပြားမှုရှိနိုင်ကြောင်း သတိပြုရန် လိုအပ်ပါသည်။

DOCA (ဧရာဝတီ)