
မြင်းခြံမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများကို စိုက်ပျိုးလျှက်ရှိရာ မိုးငရုတ်များကိုလည်းစိုက်ပျိုးထားရှိကြောင်း၊ မိုးငရုတ်ကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ကာအထိ (၄) လခန့်ကြာမြင့် ကြောင်းသိရှိရသည်။၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင် မိုးငရုတ်လျာထား (၂၇၆၅)ဧက အနက်မှ စိုက်ပျိုးပြီးဧက (၆၀၉) စိုက်ပျိုးထားရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦး စီးဌာန၏စာရင်းများ အရသိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက် စိုက်ပျိုးဖြစ် မည်ကြောင်း၊ မိုးငရုတ်များကို တောပုရွာ၊ သင်ပြွန်းရွာ၊ တူရွင်းဘို့ရွာ၊ ဒါးကျွန်းရွာ၊ ဂင့်ဂဲရွာနှင့် ဖက်ပင်အိုင်ကျေးရွာစသည်တို့တွင် အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ် တွင် ငရုတ်သီးစိမ်းအစိုတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၀၅၀၀-၁၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ဒေသတွင်း ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA (မန္တလေး)