Main menu

မကွေးမြို့ပေါ်ရှိဈေးများ၌ အာလူးဈေးနှုန်းမြင့်တက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ယင်းချောင်းတလျောက်ရှိ ကျေးရွာများနှင့် စလင်း (ဆင်ဖြူကျွန်း) မြို့ နွယ်တမယ်ချောင်း တလျောက်ရှိ ကျေးရွာများတွင် အာလူးကို စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် မကွေးမြို့ပေါ်ရှိဈေးများ၌ ရောင်းချနေသော အာလူးဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်၍ စက်တင်ဘာလ (ပထမပတ်)နှင့်(စတုတ္ထပတ်) နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိသော အာလူးများ ရာသီ ကုန်သွားပြီး ရှမ်းပြည်နယ်ဘက်တွင်လည်း အာလူးစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုနည်းသောကြောင့် ဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)