Main menu

မကွေးမြို့နယ်၏ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်နှင့် စတုတ္ထအပတ်၏ စက်သုံးဆီ ဈေးနှုန်းအခြေအနေ

Powered by Drupal

      မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအားနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးနေပြီး လိုအပ်သလောက်ရောင်းချပေးနေကြောင်း သိရှိရပါသည်။

     ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစက်သုံးဆီဈေးနှုန်းများမှာ          92(၁)လီတာလျှင်ကျပ်(၃၀၁၅)၊ 95(၁)လီတာလျှင် ကျပ်(၃၀၉၀)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင်  ကျပ် (၂၆၉၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင်ကျပ်(၃၂၉၀) ဖြစ်ပြီး စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ 92(၁)လီတာလျှင်  ကျပ်(၃၀၄၀) ၊ 95(၁)လီတာလျှင် ကျပ် (၃၁၀၀)၊ ဒီဇယ် (ရိုးရိုး)(၁)   လီတာလျှင် ကျပ်(၂၇၀၀)၊ ဒီဇယ် (ပရီမီယံ) (၁) လီတာလျှင် ကျပ် (၃၂၉၅) တို့ဖြစ်၍ ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက 92(၁) လီတာလျှင် ကျပ် (၂၅)၊ 95(၁) လီတာလျှင် ကျပ်(၁၀)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ်(၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာ လျှင် ကျပ်(၅) တို့ဈေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)