Main menu

ဒန့်သလွန်ရွက်တွင်သံဓာတ်ကြွယ်ဝကြောင်း

Powered by Drupal

           ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင် ၏အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊ ဒန့်ဒ လွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်း ရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကိုသေစေနိုင်သည့် အာနိသင်ရှိ၍ ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်းရှိကြောင်း၊  ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှု အတွက်အသုံးဝင်သည့်  အမိုင်နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှ ဒဏ်ရာများနှင့် အသေးစားဒဏ်ရာများကိုလည်း သက်သာစေနိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင်များအတွက်လည်း ဒန့်ဒလွန်ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အား ကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကိုလောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်ပြီး နှလုံးနှင့်ပါတ်သက်သော ရောဂါများကို လျော့ချပေးကြောင်း၊  ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကို ထိန်းချုပ်ပေး၍ သွေးတွင်းသကြား ဓာတ်ကိုလည်းလျော့ချပေးကြောင်း၊ ဗီတာမင်C တို့ပါဝင် သောကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေး လည်ပတ်မှု ကိုကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ ဒန့်ဒလွန်ရွက်ကို စားသုံး ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့် အခြားအာရုံ ကြောဆိုင်ရာ ဝေဒနာများကို သက်သာစေနိုင်ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှု ကိုကောင်း မွန်ကြောင်း၊ သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအားကောင်းစေပြီး အသည်းနှင့် အရိုးကျန်းမာ သန်စွမ်းကြောင်း၊ ဆီးကျောက်တည်ခြင်းမှ ကာကွယ်၍၊ ကျောက်ကပ် ရောဂါမဖြစ် အောင် တားဆီးပေးကြောင်း သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန်ရွက်နှင့်ဒန့်သလွန် သီးများ ကို ပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ နောက်ဆုံး ပတ်တွင် ရောင်းချနေသော ဒန့်သလွန်ရွက်တစ်စီးလျှင် (၃၀၀) ကျပ်၊ ဒန့်သလွန်အသီး ၃ တောင့်ပါတစ်စီး လျှင် (၄၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)