
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များကို မြို့နယ်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် စားအုန်းဆီရောင်းချမှုဈေးနှုန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
စားအုန်းဆီ လက်ကား/ လက်လီ ရောင်းချသော ညောင်တုန်းမြို့နယ်မှ လုပ်ငန်းရှင်များကို ညောင်တုန်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အသိပေးပြောကြားရာ မိမိတို့ ဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ထိန်ကြောင်းဆောင်ရွက်လျက်ရှိပြီး FOBဈေးနှုန်းများကို စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခ ထည့်သွင်းတွက်ချက်၍ ပြည်တါင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညျွန်းဈေးနှုန်း အပတ်စဉ်ထုတ်ပေးလျက်ရှိရာ ရောင်းချသူလုပ်ငန်း၇ှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးကော်မတီများသို့ တင်ပြပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)